ကောလင်းမြို့နယ်ဦးစီးမှူးရုံးသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကောလင်းမြို့နယ် ဦးစီးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို (၆-၃-၂၀၁၈) နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကောလင်းမြို့နယ် ထွေ/အုပ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌမှ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်းပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source: ကော့လင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events