ကချင်ပြည်နယ်၊ ချီဖွေမြို့နှင့်ပန်ဝါမြို့တို့တွင် နေထိုင်ကြသော ချို့တဲ့သည့်ပြည်သူများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသော ပြည်သူများအတွက် အဝတ်အထည်များ လှူဒါန်းခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက (ကျား- ဝတ်ရှပ်အကျႌ ၁၅၀၀၊ မ- ဝတ်ရှပ်အကျႌ ၁၅၀၀) စုစုပေါင်း အဝတ်အထည် (၃၀၀၀) ထည်အား ချီဖွေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇုံးတိန့်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
Source: MSWRR