Category Archives: News
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် အတူ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ အမှတ်(၂)ရပ်ကွက်တွင် (၉-၃-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ family kit (၁)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ (၁၂,၆၀၀)ကျပ်၊ စုစုပေါင်းငွေကျပ် (၂၁၂,၆၀၀) တို့အား (၁၀-၃-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၁၈)ရက်နေ့ ရမ်းဗြဲမြို့နယ်၊ သင်္ဘောဆိပ်အုပ်စု၊ တိမ်ပြင်ကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်များရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ(၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်း ကျေးရွာများတွင်ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၁၈)ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာအုပ်စု၊ ချစ်သူကျေးရွာတွင် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လူနေအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုများကို စစ်ဆေး၍ အိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ် ပိုစတာများပေးအပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ရွှေကန်မြေလူမှုကူညီရေးအသင်း၊ ပုညမုဒိတာ(ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်း)၊ ကျေးရွာနေပြည်သူများနှင့်အတူ ဆောင်ရွက်လျှက် ရှိကြောင်းနှင့် လေဘေးဒဏ်ခံနိုင်ရည်မရှိသော အဆောက်အဦးများအနေဖြင့် ၂၀၁၇ ခုနှစ်၊ မေလတွင် လေဘေးဒဏ်ခံစားခဲ့ရသည့်အိမ်ခြေစာရင်းများပေါ်တွင် မူတည်၍ စာရင်းဇယားများရယူ ဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
-
မိုင်းအန္တရာယ်ကြောင့်ထိခိုက်ဒဏ်ရာရသူများနှင့် မသန်စွမ်းသူများအတွက် ရွှေကျင်မြို့နယ်တွင် ပြည်ထောင်စုုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ထောက်ပံငွေပေးအပ်ပွဲကျင်းပ
၉.၃.၂၀၁၈၊ ပဲခူးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်၊ တောင်ငူ၊ ဖြူး၊ ရေတာရှည်၊ ကျောက်တံခါးမြို့နယ် များတွင် နေထိုင်ကြသော မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် မသန်စွမ်း သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ရွှေကျင်မြို့၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက “ယနေ့ကျင်းပသောအခမ်းအနားသည် မသန်သော်လည်း စွမ်းကြသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့မှုများပြုလုပ်ပေးခြင်း ဖြစ်ပြီးမသန်စွမ်းများ၏ ရပ်တည်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အခွင့်အရေးရရှိခြင်းများကို အသိအမှတ်ပြုခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် … Read more
-
ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး လှုုပ်ရှားမှုများအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်း
ရက်စွဲ။ ၂၀၁၈ ခုနှစ်၊ မတ်လ (၉)ရက် နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင် ၏ဇနီး ဒေါက်တာဒေါ်ခင်သန်းအေးနှင့် ဝန်ကြီးဌာနအမျိုးသမီးများအဖွဲ့က ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် -၂၁၀၀၀၀၀ိ/-(ကျပ်ငွေ-နှစ်ဆယ့်တစ်သိန်း တိတိ)ကို ယနေ့ နံနက်ပိုင်းတွင် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၌ လာရောက်လှူဒါန်းခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၏ဇနီးက ဝန်ကြီးဌာနမိသားစုများမှ လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ ရင်ခွင်မဲ့ … Read more
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ အခြေခံရေပြင်အသက်ကယ်ခြင်းသင်တန်း(၂/၂၀၁၈) ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် SDC အဖွဲ့နှင် ပူးပေါင်း၍ (၈-၃-၂၀၁၈)ရက်နေ့ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ (21paradise)ရှိ ရေကူးကန်တွင် အခြေခံရေပြင်အသက်ကယ်ခြင်းသင်တန်း (၂/၂၀၁၈)ကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းနှင့် သင်တန်းသားများအား အသက်ကယ်အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၈)ရက်နေ့က တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ သကျက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များအား ဆွေးနွေးပြောကြားခြင်းနှင့် တက်ရောက်လာကြသော ရပ်ရွာနေပြည်သူ (၁ဝ၃)ဦးအား ဆပ်ပြာမှုန့်များ၊ ရေသန့်ဆေးဘူး၊ လက်ကမ်းစာစောင်များနှင့် မီးဘေးဗွီနိုင်းပိုစတာအားဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၈)ရက်နေ့တွင် ပုသိမ် ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ကျေးရွာသူ၊ ကျေးရွာသား (၁၅၀)ဦးခန့်အား သဘာဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ် ပြီး ဦးစီးဌာနမှ ရေသန့်ဆေးထုပ်များ၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများအားဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)ရက်နေ့မှ (၈-၃-၂၀၀၈)ရက်နေ့အထိ ပြည်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပုလဲသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း”သင်တန်းဆင်းပွဲအား (၈-၃-၂၀၁၈) ရက်နေ့ ညနေ (၁၆:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ပြည်ခရိုင်ဦးစီးမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးနောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များနှင့် အထောက်အကူပစ္စည်းများဖြစ်သည့် ရေဒီယို နှင့် Hand speaker များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ ကျွဲတဲရွာမကျေးရွာ၌ (၅-၃-၂၀၁၈) ရက်နေ့တွင် ယခင်မိုးကြိုး ပစ်ထားသည့် မကျီးပင်ကိုင်းခြောက်ကျိုးကျခဲ့ရာမှ ပျက်စီးသွားသော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စုု(၁)စု၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး တို့အား ကျွဲတဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ (၈-၃-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)









