ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)ရက်နေ့မှ (၈-၃-၂၀၀၈)ရက်နေ့အထိ ပြည်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပုလဲသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း”သင်တန်းဆင်းပွဲအား (၈-၃-၂၀၁၈) ရက်နေ့ ညနေ (၁၆:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ပြည်ခရိုင်ဦးစီးမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးနောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များနှင့် အထောက်အကူပစ္စည်းများဖြစ်သည့် ရေဒီယို နှင့် Hand speaker များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။