ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် SDC အဖွဲ့နှင် ပူးပေါင်း၍ (၈-၃-၂၀၁၈)ရက်နေ့ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ (21paradise)ရှိ ရေကူးကန်တွင် အခြေခံရေပြင်အသက်ကယ်ခြင်းသင်တန်း (၂/၂၀၁၈)ကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းနှင့် သင်တန်းသားများအား အသက်ကယ်အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။