ရက်စွဲ။ ၂၀၁၈ ခုနှစ်၊ မတ်လ (၉)ရက်
နေပြည်တော်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင် ၏ဇနီး ဒေါက်တာဒေါ်ခင်သန်းအေးနှင့် ဝန်ကြီးဌာနအမျိုးသမီးများအဖွဲ့က ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် -၂၁၀၀၀၀၀ိ/-(ကျပ်ငွေ-နှစ်ဆယ့်တစ်သိန်း တိတိ)ကို ယနေ့ နံနက်ပိုင်းတွင် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၌ လာရောက်လှူဒါန်းခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၏ဇနီးက ဝန်ကြီးဌာနမိသားစုများမှ လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ ရင်ခွင်မဲ့ ကလေးငယ်များအတွက် ပြုစုစောင့်ရှောက်ရေးနှင့်လျော့နည်းပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကိုရှင်းလင်း၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။