ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၁၈)ရက်နေ့က တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ သကျက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များအား ဆွေးနွေးပြောကြားခြင်းနှင့် တက်ရောက်လာကြသော ရပ်ရွာနေပြည်သူ (၁ဝ၃)ဦးအား ဆပ်ပြာမှုန့်များ၊ ရေသန့်ဆေးဘူး၊ လက်ကမ်းစာစောင်များနှင့် မီးဘေးဗွီနိုင်းပိုစတာအားဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။