ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

9_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ ကျွဲတဲရွာမကျေးရွာ၌ (၅-၃-၂၀၁၈) ရက်နေ့တွင် ယခင်မိုးကြိုး ပစ်ထားသည့် မကျီးပင်ကိုင်းခြောက်ကျိုးကျခဲ့ရာမှ ပျက်စီးသွားသော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စုု(၁)စု၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး တို့အား ကျွဲတဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ (၈-၃-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source:   ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events