Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း
================================================= Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၁၀-၃-၂၀၁၈) ရက်နေ့တွင် နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စု ပန်ကွတ်ကျေးရွာ၌ TLNA အဖွဲ့ နှင့် RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပန်ဆော့ကျေးရွာအုပ်စု၊ ကျေးရွာ ၃ ရွာနှင့် လွယ်ပြေးကျေးရွာအုပ်စု၊ မန်ရွာကျေးရွာများတို့မှ အိမ်ထောင်စု ၈၉ စု၊ ကျား ၁၄၉ ဦး မ ၁၈၇ ဦး စုစုပေါင်း ၃၃၆ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး အိမ်ထောင်စု ၈၉ စုစာအား … Read more
-
မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ဒုသြသည်မကျေးရွာအုပ်စု၊ ဒုသြသည်မကျေးရွာ၊ ငွေတောင်ကျေးရွာနှင့် ဘော်လီကျေးရွာတို့မှ အိမ်ထောင်စုများနှင့် ဒုသြသည်မကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိနေကြသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ဒုသြသည်မကျေးရွာအုပ်စု၊ ဒုသြသည်မကျေးရွာ၊ ငွေတောင်ကျေးရွာနှင့် ဘော်လီကျေးရွာတို့မှ အိမ်ထောင်စု (၃၀၇) စု လူဦးရေ (၂၃၀၅) ဦးနှင့် ဒုသြသည်မကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိနေကြပြီး စားရိက္ခာအခက်အခဲရှိနေသည့် အိမ်ထောင်စု (၄၃) စု လူဦးရေ (၁၆၂) ဦး စုစုပေါင်းလူဦးရေ (၂၄၆၇) ဦးတို့အတွက် ဆန်ရိက္ခာ ၂ပတ်စာ ဆန် (၃၅၉) အိတ် (၁၈) ပြည် (၄) ဘူးအား (၁၁-၃-၂၀၁၈) ရက်နေ့တွင် … Read more
-
ကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၈)ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ကူကျွန်း-လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံ ကျွန်းကျေးရွာ၌ လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လူနေအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ် ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုများကို စစ်ဆေး၍ အိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ပေးအပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ပုညမုဒိတာ (ကျန်းမာရေး စောင့်ရှောက်မှှုနှင့် သွေးလှူအသင်း)၊ ထန်းစေတနာ (သွေးလှူအသင်း အမှတ်-၁၄)၊ ကျေးရွာနေ ပြည်သူများနှင့်အတူ … Read more
-
ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မသန်စွမ်းသူများနှင့် အမျိုးသမီးများဦးဆောင်သည့် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများသို့ လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုလုပ်ငန်းများနှင့်နွေရာသီတွင် ရေရှားပါးကျေးရွာများတွင် ရေရရှိရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
================================================= ၁၀-၃-၂၀၁၈ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး တာဝန်ရှိသူများ လိုက်ပါလျက် (၁၀-၃-၂၀၁၈) ရက်နေ့၊ နံံနက် (၀၉း၀၀) နာရီအချိန်တွင် တောင်တွင်ကြီးမြို့နယ်ရှိ ကလေး (၁၅၀) ဆံ့ ဆတ်သွားမူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းဆောင်သစ်ကို ဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘတ်ဂျတ်ရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၁၂၈၆.၂၄) သိန်းဖြင့် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မူကြိုအရွယ် ကလေးသူငယ်များသည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ … Read more
-
အမြင်မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအဖြစ် နက္ခတ်ဗေဒင်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ
၁၁-၃-၂၀၁၈၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင့်တိုင်မျက်မမြင်ကျောင်း၏ နက္ခဗေဒင် သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကလူတိုင်းလူတိုင်းတွင် အခြေခံလူ့အခွင့်အရေးများရှိသဖြင့် မသန်စွမ်းများတွင် လည်း တန်းတူအခွင့်အရေးရှိပါကြောင်း၊ ကိုယ်ခန္ဓာမသန်စွမ်းခြင်း၊ ဉာဏ်ရည်မသန်စွမ်းခြင်း၊ အကြား အာရုံမသန်စွမ်းခြင်းနှင့် အမြင်အာရုံမသန်စွမ်းခြင်းများရှိသော်လည်း မသန်စွမ်းသူတိုင်းတွင် အခြားစွမ်း ဆောင် နိုင်မှုများရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပါအဝင် ပြည်သူများ အားလုံးပါဝင်ရန်လိုအပ်ကြောင်း၊ ထိုသို့ပါဝင်နိုင်ရန် မိမိဘဝရပ်တည်ရေးနှင့် အခြားသူများအတွက်ပါ အကျိုး ပြုနိုင်ရေး”မသန်သော်လည်းစွမ်းသောသူများ” ဖြစ်စေရန်လိုအပ်ကြောင်း၊ ထိုအတွက် အသက်မွေးဝမ်း … Read more
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၁၈) ရက်နေ့ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရုံးရပ်ကွက်၊ ကျွန်းသာယာ(၂)၊ ဆက်သွယ်ရေးရုံးလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ (၂)လုံး၊ လူဦးရေ (၅)ဦးအတွက် ဆန် (၇)ရက်စာတန်ဖိုး (၁၀,၅၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၃၁၀,၅၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(အိမ်ထောင်စု(၂)စုစာ) တို့အား (၁၁-၃-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး ရုံးသစ်ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်ဘိုကလေးမြို့နယ်ကြက်ခြေနီအဖွဲ့အဆောက်အဦရှိရုံးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးသစ်အား (၈-၃-၂၀၁၈)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံး ရုံးသစ်ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အဆောက်အဦရုံးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးအား (၇-၃-၂၀၁၈)ရက်နေ့ က ဦးစီးဌာနဆိုင်းဘုတ်တပ်ဆင်ပြီး ရုံးခန်းသစ်စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလူငယ်သင်တန်းကျောင်းများမှ ကလေးများနှင့်လူငယ်များ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများထိရောက်စွာအကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတွေ့ဆုံတိုက်တွန်း
၁၀-၃-၂၀၁၈၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ရောက်ရှိပြီးကလေးငယ်များကို ရင်းနီးစွာ တွေ့ဆုံကာ အသက်မွေးဝမ်းကျောင်း သင်တန်းများ စနစ်တကျ လေ့လာသင်ယူကြရန်၊ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် ကလေးများကို အလုပ်အကိုင်ရရှိရေးအတွက် သက်ဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ကလေးငယ်တစ်ဦးချင်းစီ၏ အရည်အသွေး တိုးတက်မှုကို စောင့်ကြည့်ပြီး မှတ်တမ်းထားရှိရန်တို့ကို ပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးကလေးများသင်တန်းကျောင်းသို့ရောက်ရှိပြီး ကလေးများအတွက် ကျောင်းပညာသင်ကြားရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး မိမိဘာသာ ဘဝရပ်တည်နိုင်ရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ကလေးများအား မုန့်များဝေငှခြင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြသည့် … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောပို့ချမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀- ၃-၂၀၁၈)ရက်နေ့ ဘားအံမြို့ စက်မှုဇုန်ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(Bridge Asia Japan-BAJ)၌ ငလျင်ဘေးအပါအဝင်မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဟောပြောပွဲပြုလုပ်ရာ အဆိုပါဟောပြောပွဲသို့ သင်တန်းသား (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသော သင်တန်းသားများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။









