=================================================
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ဒုသြသည်မကျေးရွာအုပ်စု၊ ဒုသြသည်မကျေးရွာ၊ ငွေတောင်ကျေးရွာနှင့် ဘော်လီကျေးရွာတို့မှ အိမ်ထောင်စု (၃၀၇) စု လူဦးရေ (၂၃၀၅) ဦးနှင့် ဒုသြသည်မကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိနေကြပြီး စားရိက္ခာအခက်အခဲရှိနေသည့် အိမ်ထောင်စု (၄၃) စု လူဦးရေ (၁၆၂) ဦး စုစုပေါင်းလူဦးရေ (၂၄၆၇) ဦးတို့အတွက် ဆန်ရိက္ခာ ၂ပတ်စာ ဆန် (၃၅၉) အိတ် (၁၈) ပြည် (၄) ဘူးအား (၁၁-၃-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။