
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၈)ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ကူကျွန်း-လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံ ကျွန်းကျေးရွာ၌ လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လူနေအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ် ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုများကို စစ်ဆေး၍ အိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ပေးအပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ပုညမုဒိတာ (ကျန်းမာရေး စောင့်ရှောက်မှှုနှင့် သွေးလှူအသင်း)၊ ထန်းစေတနာ (သွေးလှူအသင်း အမှတ်-၁၄)၊ ကျေးရွာနေ ပြည်သူများနှင့်အတူ ဆောင်ရွက်လျက်ရှိပါသည်၊၊
လေဘေးဒဏ်ခံနိုင်ရည်မရှိသော အဆောက်အဦးများအနေဖြင့် ၂၀၁၇ ခုနှစ်၊ မေလတွင် လေဘေးဒဏ်ခံစားခဲ့ရသည့်အိမ်ခြေ စာရင်းများပေါ်တွင် မူတည်၍ စာရင်းဇယားများ ရယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)