ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၁၈) ရက်နေ့ သရက်ခရိုင်၊ သရက်မြို့နယ်၊ ရုံးရပ်ကွက်၊ ကျွန်းသာယာ(၂)၊ ဆက်သွယ်ရေးရုံးလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ (၂)လုံး၊ လူဦးရေ (၅)ဦးအတွက် ဆန် (၇)ရက်စာတန်ဖိုး (၁၀,၅၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၃၁၀,၅၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(အိမ်ထောင်စု(၂)စုစာ) တို့အား (၁၁-၃-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။