Category Archives: News
-
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်းကွင်းသစ်ကျေးရွာ လေဘေး ထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်းကွင်းသစ်ကျေးရွာ၌ (၂၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးတို့အား (၂၅-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာ အနောက်ကောက်ကုန်း လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာ အနောက်ကောက်ကုန်း၌ (၂၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးတို့အား (၂၅-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ကူညီ ထောက်ပံ့မှုများဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူနှင့်အတူ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ဦးဆောင်သောအဖွဲ့သည် (၂၄-၄-၂၀၁၈)ရက်နေ့တွင် လမ်းခွကျေးရွာသို့သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများ နှင့် တွေ့ဆုံအားပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားပြုလုပ်ကာ စခန်း(၄)ခုရှိ တိုက်ပွဲရှောင်ပြည်သူစုစုပေါင်း အိမ်ထောင်စု(၂၇၀)စု၊ (၁၀၂၄)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်(၃၈၄)အိတ်၊ မာမားခေါက်ဆွဲခြောက် (၉၀)ဖာနှင့်မုန့် များ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီမှူးရုံးမှ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၂,၁၅၀,၄၀၀ိ/-)ကျပ်၊ ကျန်းမာရေး ဦးစီးဌာနမှ ဆေးဝါးနှင့် ဆေးစိမ်ခြင်ထောင်များ ကြက်ခြေနီတပ်ဖွဲ့မှ Dignity … Read more
-
ကြံခင်းမြို့နယ်၊ အုပ်စု (၄) စုအတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ အုပ်စု (၄) စုအတွင်းရှိ ကျေးရွာခွဲ (၁၂) ရွာ၌ (၂၃-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁၆) လုံး၊ အမိုးလန် (၅၅) လုံး၊ စုစုပေါင်း အိမ်ခြေ (၇၁) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၅၅) အိမ်ထောင်စာ၊ ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုး (၁၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၀၁၀,၀၀၀ိ/-) ကျပ်၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးအစည်း အဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်၍ပြုလုပ်သော မီးငြိမ်းသတ်နိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခြင်း နှင့် မီးခိုးငွေ့များကြောင့် အသက်ရှုကြပ်ဝေဒနာခံစားရကာ ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေရသူ လူနာ (၁၃) ဦးအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး လူနာ (၁) ဦးချင်းစီအတွက် ထောက်ပံ့ငွေများပေးအပ်
၂၅-၄-၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့နေ့လည်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးအစည်း အဝေးခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်၍ပြုလုပ်သော မီးငြိမ်းသတ်နိုင်ရေးပေါင်းစပ်ညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးချုပ်မှ မီးငြိမ်းသတ်ရေး၊ မီးခိုးငွေ့ များ လျော့နည်းပပျောက်စေရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းစေရေး ပြည်သူများ ကျန်းမာရေး ထိခိုက်မှုမရှိစေရေးတို့အတွက် အလေးထားဦးတည်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ နေ့ညဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် မီးငြိမ်းသတ်ရန် လိုအပ်သော Bio Foamများ ဝယ်ယူရန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေကို … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း ===========================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ပြာစပ်ကျေးရွာ၌ (၂၄-၄-၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၆)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး (၉)စုစာ (၁၆၆၅၉၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ (၇၅၆၀ဝိ)/-ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၇၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅၁၂၁၉၀ိ/-)ကျပ်တို့အား ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီ်ခရိုင်၊ အုတ်ဖိုမြို့နယ် ၊ ကျေးရွာအုပ်စု(၁၀)စု ၊မြို့(၁)ခုကျေးရွာ(၁၇)ရွာနှင့် ရပ်ကွက်(၁)ခု တွင် (၁၉-၄-၂၀၁၈)နေ့က ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ(၁)လုံး၊ လူဦးရေ (၄)ဦးနှင့် အမိုးလန်နေအိမ်(၃၀)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာတန်ဖိုးငွေ စုစုပေါင်း(၁,၆၇၃,၄၀၀)ကျပ်တို့အား (၂၃-၄-၂၀၁၈)နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၆)စု၊ ရပ်ကွက် (၁)ခု ၊ ကျေးရွာပေါင်း (၃၃)ရွာတို့၌ (၁၉-၄-၂၀၁၈)နေ့က ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲအိမ် (၁၉၉)လုံးတို့အတွက် ထောက်ပံ့ရန်ကျန်သော ခြင်ထောင် (၈၃)လုံးနှင့် ပလပ်စတစ်ပုံးခွံ(၁၅၃)တို့အား (၂၃-၄-၂၀၁၈)နေ့တွင်သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာပေါင်း (၁၇)ရွာတို့၌ (၁၉-၄-၂၀၁၈) ရက်နေ့က ဖြစ်ပွားခဲ့သည့် လေဘေးသင့်ထပ်တိုးပြိုလဲအိမ်(၃၀) ၊ လူဦးရေ (၁၃၁)ဦး၊ အမိုးလန်အိမ်ပေါင်း (၅၀)လုံးတို့အတွက် (အိမ်ဆောက်ပစ္စည်း+ ဆန်ရိက္ခာ)တန်ဖိုးငွေကျပ် စုစုပေါင်း(၄,၇၇၅,၁၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃၀)အိမ်ထောင်စာ တို့အား (၂၃-၄-၂၀၁၈)နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
“ထူးခြားမိုးလေဝသအခြေအနေသတင်း”
(မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) #ထူးခြားမိုးလေဝသအခြေအနေသတင်းအမှတ်စဉ်(၀၅/၂၀၁၈) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် မိုးလေဝသ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှ ရွေ့လျားလာမည့် လေပွေလှိုင်း၏အရှိန်ကြောင့် (၂၆.၄.၂၀၁၈) ရက်နေ့မှ (၃၀.၄.၂၀၁၈)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါရက်များအတွင်း မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင် ပါသည်။ … Read more









