ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ကူညီ ထောက်ပံ့မှုများဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူနှင့်အတူ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ဦးဆောင်သောအဖွဲ့သည် (၂၄-၄-၂၀၁၈)ရက်နေ့တွင် လမ်းခွကျေးရွာသို့သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများ နှင့် တွေ့ဆုံအားပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားပြုလုပ်ကာ စခန်း(၄)ခုရှိ တိုက်ပွဲရှောင်ပြည်သူစုစုပေါင်း အိမ်ထောင်စု(၂၇၀)စု၊ (၁၀၂၄)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်(၃၈၄)အိတ်၊ မာမားခေါက်ဆွဲခြောက် (၉၀)ဖာနှင့်မုန့် များ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီမှူးရုံးမှ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၂,၁၅၀,၄၀၀ိ/-)ကျပ်၊ ကျန်းမာရေး ဦးစီးဌာနမှ ဆေးဝါးနှင့် ဆေးစိမ်ခြင်ထောင်များ ကြက်ခြေနီတပ်ဖွဲ့မှ Dignity Kit, Sanitary Kit, Kitchen set, ခြင်ထောင် (၂၇၀)စုံတို့ အား အောက်ပါအတိုင်း ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ (က) လမ်းဘရော့နှစ်ခြင်း ဘုရားကျောင်း (၁၀၄)စု၊ (၄၂၇)ဦးအတွက် ဆန် (၁၆၉)အိတ်၊ ခေါက်ဆွဲခြောက် (၄၀)¬ဖာ၊ ဆန်ဖိုး(၈၉၆၇၀၀ိ/-)ကျပ်၊ (ခ) စိန့်ပေါလ်ကက်သလစ် ဘုရားကျောင်း (၈၆)စု (၃၁၈)ဦး အတွက် ဆန် (၁၁၉)အိတ်၊ ခေါက်ဆွဲခြောက် (၂၈)ဖာ၊ ဆန်ဖိုး (၆၆၇၈၀၀ိ/-)ကျပ်၊ (ဂ) ကံလှဧမာနွေလဘုရားကျောင်း (၃၅)စု၊ (၇၆)ဦးအတွက် (၃၂)အိတ်၊ (၇)ဖာ၊ ဆန်ဖိုး(၁၅၉၆၀၀ိ/-)ကျပ်၊ (ဃ) မြို့ဦးရပ်ကွက်၊ စိန့်ဒေါမနှစ်ကက်သလစ်ကျောင်း (၄၅)စု၊ (၂၀၃)ဦးအတွက် ဆန် (၆၄)အိတ်၊ ခေါက်ဆွဲခြောက် (၁၅)ဖာ၊ ဆန်ဖိုး(၄၂၆၃၀၀ိ/-)ကျပ်တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)