ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း ===========================

26_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ပြာစပ်ကျေးရွာ၌ (၂၄-၄-၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၆)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး (၉)စုစာ (၁၆၆၅၉၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ (၇၅၆၀ဝိ)/-ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၇၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅၁၂၁၉၀ိ/-)ကျပ်တို့အား ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events