ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ အုပ်စု (၄) စုအတွင်းရှိ ကျေးရွာခွဲ (၁၂) ရွာ၌ (၂၃-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁၆) လုံး၊ အမိုးလန် (၅၅) လုံး၊ စုစုပေါင်း အိမ်ခြေ (၇၁) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၅၅) အိမ်ထောင်စာ၊ ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုး (၁၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၀၁၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၅၇၁,၂၀၀ိ/-)ကျပ်၊ ဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၄,၇၈၁,၂၀၀ိ/-) ကျပ်တို့အား (၂၅-၄-၂၀၁၈)ရက်နေ့တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)