လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့နေ့လည်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးအစည်း အဝေးခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်၍ပြုလုပ်သော မီးငြိမ်းသတ်နိုင်ရေးပေါင်းစပ်ညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးချုပ်မှ မီးငြိမ်းသတ်ရေး၊ မီးခိုးငွေ့ များ လျော့နည်းပပျောက်စေရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းစေရေး ပြည်သူများ ကျန်းမာရေး ထိခိုက်မှုမရှိစေရေးတို့အတွက် အလေးထားဦးတည်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ နေ့ညဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် မီးငြိမ်းသတ်ရန် လိုအပ်သော Bio Foamများ ဝယ်ယူရန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေကို လည်းကောင်း၊ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူ အညီပေးရေး ညှိနှိုင်းမှုဌာန(AHA-Center)နှင့် ပူးပေါင်း၍ အာဆီယံနိုင်ငံများအတွင်းဖွဲ့စည်းထားသော အရေးပေါ်တုံ့ပြန် ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ နည်းပညာပိုင်းဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများဖြင့်ဖြေရှင်း ဆောင်ရွက် သွားရန် စီစဉ်ထားရှိမှုအခြေအနေများကိုလည်းကောင်း မီးခိုးငွေ့များအလွန်အမင်းကျရောက်လာပါက ပြည်သူ များအား ဘေးလွတ်ရာသို့ရွေ့ပြောင်းနိုင်မည့်ကိစ္စရပ်များအားလည်းကောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးမည့်ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေး တင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူလိုက်ပါ လျက် မီးလောင်ကျွမ်းရာထိန်ပင် အမှိုက်ပုံနေရာသို့ သွားရောက်ကြည့်ရှု၍ မီးငြိမ်းသတ်နေသည့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်မတော်သားများနှင့်တွေ့ဆုံ၍ လိုအပ် သည်များအား ပေါင်းစပ်ညှိနှိုင်းအားပေးခဲ့ပါသည်။ ထို့အပြင် ဒုတိယဝန်ကြီးသည် ယနေ့နေ့လည် အစောပိုင်း တွင် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ အမှိုက်ပုံ မီးလောင်ကျွမ်းမှုမှ ထွက်ပေါ် လာသော မီးခိုးငွေ့များကြောင့် အသက်ရှုကြပ်သည့်ဝေဒနာခံစားရကာ ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူနေရသူ လူနာ(၁၃)ဦးအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး လူနာ(၁)ဦးချင်းစီအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ပါသည်။ ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုသည် ဧပြီလ (၂၁)ရက် မွန်းလွှဲပိုင်းမှ စတင် လောင်ကျွမ်းခဲ့ပြီး ဧပြီ(၂၅)ရက်နေ့ထိ ဧက(၁၀၀)ခန့် လောင်ကျွမ်းနေခြင်းကြောင့် မီးခိုးငွေ့များ ထွက်ရှိကာ ပတ်ဝန်းကျင်တွင် မီးခိုးညှော်နံများဖြစ်ပေါ်လျက်ရှိသည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည့် မီးခိုးငွေ့များ လျော့နည်းကင်းရှင်းနိုင်ရေးအတွက် မီးခိုးထွက်သည့်နေရာများကို ရေပိုက်များတိုက်ရိုက် သွယ်တန်း၍ စက်ယန္တရားများထပ်မံ ဖြည့်တင်းပြီး အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။
@Unicode Version@