ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၆)စု၊ ရပ်ကွက် (၁)ခု ၊ ကျေးရွာပေါင်း (၃၃)ရွာတို့၌ (၁၉-၄-၂၀၁၈)နေ့က ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲအိမ် (၁၉၉)လုံးတို့အတွက် ထောက်ပံ့ရန်ကျန်သော ခြင်ထောင် (၈၃)လုံးနှင့် ပလပ်စတစ်ပုံးခွံ(၁၅၃)တို့အား (၂၃-၄-၂၀၁၈)နေ့တွင်သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။