Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၄.၂၀၁၈) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ လက်သစ်ဝကြက်သျှာကျေးရွာတွင် ဖြစ်ပွားသောလေဘေးမှ ပြိုလဲနေအိမ်(၂)လုံး၊ အမိုးလန်နေအိမ် (၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၀၀၀၀/-)ကျပ်အား (၂၇.၄.၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြျို့နယ်၊ ကျေးရွာအုပ်စု(၉)စုတွင် (၂၀.၄.၂၀၁၈)နေ့ အထိဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲ အိမ်ခြေ(၁၈)လုံး၊ လူဦးရေ (၇၂)ဦးနှင့် အမိုးလန်နေအိမ်(၄၀)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် ထောက်ပံ့ရေးပစ္စည်း(၉)မျိုး၊ (၁၈)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းရန်ပုံငွေ (၃၁၈၁၂၀၀ိ/-)ကျပ်တို့အား (၂၇-၄-၂၀၁၈)နေ့တွင် ပေါက်ခေါင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ထောက်မကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာနှင့် စစ္စေးချောင်းကျေးရွာအုပ်စု၊ သာပိုးကျေးရွာတို့တွင် (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၈) လုံး၊ ဘုရားကျောင်းတိုက် (၁) လုံးနှင့် မကြီးကုန်းကျေးရွာအုပ်စု၊ မကြီးကုန်းကျေးရွာတို့၌ (၂၆-၄-၂၀၁၈) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၇) လုံး၊ စုစုပေါင်း နေအိမ် (၁၇) လုံး အိမ်ထောင်စု … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၄.၂၀၁၈)ရက်နေ့တွင် ကေကော ကျေးရွာအုပ်စု၊ ထောသိုခေါကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၅)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၅)စုမှ စုစုပေါင်း လေဘေးသင်ပြည်သူ(၂၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး၊ အိမ်ထောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း (၅၅၈၈၀၀/-)ကျပ်ကို (၂၇.၄.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ (ပလောင်၊ ခနောင်ကြီး၊ အလန်းအုပ်၊ တမလို)ကျေးရွာတို့၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၅၀,၀၀၀ိ/-)ကျပ်၊ တစိတ်တပိုင်းပျက်စီးဆုံးရှုံး နေအိမ် (၄၇) လုံး၊ အိမ်ထောင်စု (၄၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၁၁၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း လူဦးရေ ကျား (၁၁၅)ဦး၊ မ (၁၃၃)ဦး စုစုပေါင်း လူဦးရေ (၂၄၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ … Read more
-
၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာနိုင်ငံအဆင့် စံလုပ်ငန်း အစီအစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
၂၇.၄.၂၀၁၈၊ နေပြည်တော် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့၊ နံနက်(၀၉း၀၀) နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာနိုင်ငံအဆင့် စံလုပ်ငန်းအစီအစဉ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအားကျင်းပဆောင်ရွက်ခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေကြောင်း၊ တရားဥဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ခြင်းဖြင့် လူကုန်ကူးမှုများ လျော့နည်းပပျောက်လာမှာဖြစ်ပြီးထိုသို့ ဆောင်ရွက် နေဆဲ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ တလုတ်ရင်းကျေးရွာအုပ်စု၊ ဘွေကြီကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့ (၁၉း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂) အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအတွ် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆,၈၀၀ိ/-) ကျပ်တို့အား (၂၇-၄-၂၀၁၈) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလော မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ၊ အမှတ်(၄) ရပ်ကွက်၊ ကျောက်ချောင်းလမ်းကြား၌ (၂၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈၄၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈,၄၀၀ိ/-) ကျပ်တို့အား (၂၆-၄-၂၀၁၈) ရက်နေ့ (၁၂း၀၀) နာရီ … Read more
-
ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာနှင့် ဟွေလန်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာနှင့် ဟွေလန်းကျေးရွာတို့၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ထောင်စု (၉) စုအတွက် ထောက်ပံ့ငွေ (၅၅၀,၀၀၀ိ/-) ကျပ်အား (၂၆-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ပြီး အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သဘာဝဘေးကော်မတီဥက္ကဌ၊ လူမှုကူညီရေးအသင်း အတွင်းရေးမှူး၊ မြို့နယ် ကြက်ခြေနီ ကော်မတီဥက္ကဌနှင့် အသင်း ဝင်များမှလည်း (၆၀၀,၀၀၀ိ/-) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၄.၂၀၁၈ )ရက်နေ့၊ (၁၅း၁၀)နာရီမှ (၁၅း၂၅) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် ကံမမြို့နယ်၊ အလယ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာတွင် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၈)ဦး ဘေးသင့်ခဲ့ပြီး ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၁၆၈၀၀ိ/-၊ အမိုးလန်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၃၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၁၄၆၈၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၃)အိမ်ထောင်စာတို့ကို (၂၆.၄.၂၀၁၈)ရက်နေ့တွင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









