လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ (ပလောင်၊ ခနောင်ကြီး၊ အလန်းအုပ်၊ တမလို)ကျေးရွာတို့၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၅၀,၀၀၀ိ/-)ကျပ်၊ တစိတ်တပိုင်းပျက်စီးဆုံးရှုံး နေအိမ် (၄၇) လုံး၊ အိမ်ထောင်စု (၄၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၁၁၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း လူဦးရေ ကျား (၁၁၅)ဦး၊ မ (၁၃၃)ဦး စုစုပေါင်း လူဦးရေ (၂၄၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၂၀,၈၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၄,၁၈၀,၈၀၀ိ/-)ကျပ်တို့အား (၁၂း၃၀)နာရီ အချိန်၌လည်းကောင်း၊ မအူပင်မြို့နယ်၊ သောင်ဇားကျေးရွာအုပ်စု၊ ဝက်ကျွန်းကျေးရွာတွင်(၂၄-၄- ၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၀၀၀,၀၀၀ိ/-)ကျပ်၊ တစိတ်တပိုင်းပျက်စီးနေအိမ် (၃)လုံး အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ ကျား (၄၂)ဦး၊ မ(၄၄)ဦး၊ စုစုပေါင်းလူဦးရေ (၈၆)ဦးအတွက် ဆန်ရိက္ခာဖိုး ငွေ(၁၈၀၆၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၇၀,၆၀၀ိ/-)ကျပ်တို့အား(၁၄း၃၀)နာရီအချိန်တွင်လည်းကောင်း၊ (မလက်တိုနှင့် သောင်ဇား)ကျေးရွာအုပ်စု၊ (၂)အုပ်စု လေဘေးအတွက် စုစုပေါင်း ထောက်ပံ့ငွေ (၅,၄၅၁,၄၀၀ိ/-)ကျပ် (ကျပ်ငါးဆယ့်လေးသိန်းငါးသောင်းတစ်ထောင့်လေးရာ)တိတိအား (၂၆-၄-၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီး၊ အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မအူပင်မြို့နယ်၊ ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events