
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၄.၂၀၁၈ )ရက်နေ့၊ (၁၅း၁၀)နာရီမှ (၁၅း၂၅) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် ကံမမြို့နယ်၊ အလယ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာတွင် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၈)ဦး ဘေးသင့်ခဲ့ပြီး ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၁၆၈၀၀ိ/-၊ အမိုးလန်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၃၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၁၄၆၈၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၃)အိမ်ထောင်စာတို့ကို (၂၆.၄.၂၀၁၈)ရက်နေ့တွင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)