
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြျို့နယ်၊ ကျေးရွာအုပ်စု(၉)စုတွင် (၂၀.၄.၂၀၁၈)နေ့ အထိဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲ အိမ်ခြေ(၁၈)လုံး၊ လူဦးရေ (၇၂)ဦးနှင့် အမိုးလန်နေအိမ်(၄၀)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် ထောက်ပံ့ရေးပစ္စည်း(၉)မျိုး၊ (၁၈)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းရန်ပုံငွေ (၃၁၈၁၂၀၀ိ/-)ကျပ်တို့အား (၂၇-၄-၂၀၁၈)နေ့တွင် ပေါက်ခေါင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)