၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာနိုင်ငံအဆင့် စံလုပ်ငန်း အစီအစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

၂၇.၄.၂၀၁၈၊ နေပြည်တော်
၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့၊ နံနက်(၀၉း၀၀) နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာနိုင်ငံအဆင့် စံလုပ်ငန်းအစီအစဉ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအားကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေကြောင်း၊ တရားဥဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ခြင်းဖြင့် လူကုန်ကူးမှုများ လျော့နည်းပပျောက်လာမှာဖြစ်ပြီးထိုသို့ ဆောင်ရွက် နေဆဲ ကာလများအတွင်း လူကုန်ကူးမှုများ ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် လူကုန်ကူးခံရသူများအတွက် စောင့်ရှောက်ခြင်းကိုစနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူကုန်ကူးခြင်းအား ဆိုးရွားသည်‌့ လူ့အခွင့် အရေး ချိုးဖောက်မှုတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် ကုလသမဂ္ဂ လူကုန်ကူး မှုတိုက်ဖျက်ရေးဆိုင်ရာကွန်ဗင်းရှင်းသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး၊ ၂၀၀၅ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက် နေ့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ပြဌာန်းခဲ့ကြောင်း၊ ဥပဒေပြဌာန်းပြီးနောက် ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ (၃)ဖွဲ့ ဖွဲ့စည်းခဲ့သည့်အနက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၁၅ခုနှစ်မှ ၂၀၁၈ခုနှစ်၊ မတ်လအထိထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားစုစုပေါင်း (၁၅၂၇)ဦးအား ပြန်လည်ခေါ်ယူနိုင်ခဲ့သည့်အပြင် ပြည်တွင်းလူကုန်ကူးခံရသူ (၅၈)ဦးကိုလည်း မိဘရပ်ထံ ပြန်လည်ပို့ဆောင်အပ်နှံပေးနိုင်ကြောင်း၊ ပြည်တွင်း၌ အမျိုးသား၊ အမျိုးသမီးနှင်‌့ ကလေးများကို လိင်ပိုင်း ဆိုင်ရာလုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများတွင် လူကုန်ကူးခံရခြင်းခံနေရကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့်လည်း “အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင် မည့် လူမှုအသိုက်ဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထုလွတ်လပ်လုံခြုံ စွာဖွံ့ဖြိုးတိုးတက်စေရေး” မူဝါဒချမှတ်ဆောင်ရွက်နေကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းမှာ လူကုန် ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်းအစီအစဉ်ဆိုင်ရာ(မူကြမ်း)နှင့်ပတ်သက်၍ လက်တွေ့လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရမည့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများရဲ့ သုံးသပ်အကြံပြုချက်များ ရယူနိုင်ရန်ဖြစ်ကြောင်း၊ စံလုပ်ငန်းအစီအစဉ် ဖော်ထုတ်နိုင်ခြင်းဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် မိမိတို့ဌာန/ အဖွဲ့အစည်းအသီးသီးရဲ့ ဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ ကိုတိကျရှင်းလင်းစွာသိရှိနိုင်ပြီး လူကုန်ကူးခံရသူများအတွက် ဝန်ဆောင်မှုများပေးရာမှာ လူကုန်ကူးခံရသူ ဗဟိုပြုချဉ်းကပ်နည်းများဖြင့် ၎င်းတို့ရဲ့ အခွင့်အရေးများကိုအပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များနှင့် သက်ဆိုင်ရာဌာနများ မှ ဌာနအကြီးအကဲများ၊ အစိုးရမဟုတ်သောအရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊ UN, INGOs များမှ ဖိတ်ကြားထားသူကိုယ်စားလှယ် (၆၀)ဦးတက်ရောက်ခဲ့ပါသည်။ စံလုပ်ငန်းအစီအစဉ်အား အတည်ပြုပြီးပါက ပုံနှိပ်ထုတ်ဝေခြင်း၊ မိတ်ဆက်ဖြန့်ချိခြင်းလုပ်ငန်းများနှင့် လက်တွေ့ဝန်ဆောင်မှုပေးနေသူ များအတွက် စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events