ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာနှင့် ဟွေလန်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

27 Pic 01

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာနှင့် ဟွေလန်းကျေးရွာတို့၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ထောင်စု (၉) စုအတွက် ထောက်ပံ့ငွေ (၅၅၀,၀၀၀ိ/-) ကျပ်အား (၂၆-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ပြီး အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သဘာဝဘေးကော်မတီဥက္ကဌ၊ လူမှုကူညီရေးအသင်း အတွင်းရေးမှူး၊ မြို့နယ် ကြက်ခြေနီ ကော်မတီဥက္ကဌနှင့် အသင်း ဝင်များမှလည်း (၆၀၀,၀၀၀ိ/-) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events