လေပြင်းဘေးထောက်ပံ့မှုသတင်း

28 Pic 02 28 Pic 03

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ထောက်မကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာနှင့် စစ္စေးချောင်းကျေးရွာအုပ်စု၊ သာပိုးကျေးရွာတို့တွင် (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၈) လုံး၊ ဘုရားကျောင်းတိုက် (၁) လုံးနှင့် မကြီးကုန်းကျေးရွာအုပ်စု၊ မကြီးကုန်းကျေးရွာတို့၌ (၂၆-၄-၂၀၁၈) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၇) လုံး၊ စုစုပေါင်း နေအိမ် (၁၇) လုံး အိမ်ထောင်စု (၁၇) စု၊ လူဦးရေ (၆၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၅) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၇၀,၀၀၀ိ/-)ကျပ်၊ ဘုရားကျောင်းတိုက် (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ငွေ (၇) ရက်စာ (၁၃၂၃၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၀၂,၃၀၀ိ/-) ကျပ်တို့အား (၂၇-၄-၂၀၁၈) ရက်နေ့တွင် ဆင်ပေါင်ဝဲမြိ့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events