
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၄.၂၀၁၈)ရက်နေ့တွင် ကေကော ကျေးရွာအုပ်စု၊ ထောသိုခေါကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၅)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၅)စုမှ စုစုပေါင်း လေဘေးသင်ပြည်သူ(၂၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး၊ အိမ်ထောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း (၅၅၈၈၀၀/-)ကျပ်ကို (၂၇.၄.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)