Category Archives: News
-
ငဖဲမြို့နယ်၊ ဆူးပဒေါင်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငဖဲမြို့နယ်၊ ဆူးပဒေါင်းကျေးရွာ၌ (၂၇-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော လူနေအိမ် (၄၅) လုံး၊ အိမ်ထောင်စု (၄၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၄၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၅၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၁၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၅,၀၀၀ိ/-) ကျပ်တို့အား (၂၈-၄-၂၀၁၈) ရက်နေ့ (၁၄း၅၀) နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမီးလောင် ကျွမ်းမှုတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ (AHA Centre) နှင့် Singapore Civil Defence Force မှ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေးမှုသတင်း
၂၈-၄-၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ ညနေပိုင်းတွင် အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဌာန(ရန်ကုန်)၌ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမီးလောင် ကျွမ်းမှုတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre)နှင့် ဆက်သွယ်ဆောင်ရွက်မှု အရ (AHA Centre)မှ Mr. Yos Malole နှင့် Singapore Civil Defence Force မှ ကျွမ်းကျင်ပညာရှင်များဖြစ် ကြသော Mr. Mohamed … Read more
-
မသန်စွမ်းသူများ၏ ငြိမ်းချမ်ရေးတွဲလက်များ ( Wheel Chair ရထား) ကော့သောင်း-ရန်ကုန် ငြိမ်းချမ်းရေးခရီးစဉ်ဂုဏ်ပြုပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်
၂၈.၄.၂၀၁၈ ငြိမ်းချမ်ရေးတွဲလက်များ (Wheel Chair ရထား) ကော့သောင်း-ရန်ကုန် ငြိမ်းချမ်းရေးခရီးစဉ်တွင် ကော့သောင်းမြို့မှ ရန်ကုန်မြို့အထိပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)တွင်ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက “ယနေ့အခမ်းအနားတွင် ဂုဏ်ပြုရမည့်သူများသည် မသန်သော်လည်းစွမ်းကြ သော သူများဖြစ်ပြီးဂုဏ်ပြုထိုက်သူများ ဖြစ်ပါကြောင်း၊ ကိုယ်အင်္ဂါမသန်စွမ်းကြသော်လည်း စိတ်ဓာတ် စွမ်းအင်မြင့်မားကြသူများဖြစ်ကြသဖြင့် ယခုကဲ့သို့သောအလုပ်အား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကို ဂုဏ်ယူပါကြောင်း၊ အစိုးရအနေဖြင့် တာဝန်စတင်ထမ်းဆောင်ကတည်းကတိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါတွင် တရားဥပဒေစိုးမိုးရေးနှင့် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အလယ်ကန် ကျေးရွာအုပ်စု၊ လယ်စုကျေးရွာတွင် (၂၅-၄-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု(၂)စု၊ ဘေးသင့်လူဦးရေ(၇)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀ိ/)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုးတို့အား (၂၆-၄-၂၀၁၈) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေး မှူးတို့နှင့် အတူ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၈)ရက်နေ့တွင် နံနက် (၁၀:၀၀)မှ (၁၁:၃၀)နာရီအထိ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ ကျေးရွာခန်းမတွင် ပြည်သူလူထု (၁၃၀)အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ပြီး သဘာဝဘေးနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ခြင်းဆောင်ရန်/ရှောင်ရန် အချက်များ လမ်းကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၅) လုံး၊ အိမ်ထောင်စု (၂၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၅၀,၀၀၀ိ/-) ကျပ်၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သပြုရေလယ်ကျေးရွာအုပ်စု၊ ဓမ္မသုခကျွန်းကျေးရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၅၀,၀၀၀ိ/-) ကျပ်၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာနှင့် ဝက်စုကျေးရွာ၊ ဇောင်းအုပ်စု၊ ဇလောင်း (တောင်) ကျေးရွာနှင့် နန်ချွန်ကျေးရွာတို့တွင်(၂၇-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော အမိုးလန် နေအိမ် (၆) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၀) လုံးအတွက် (၂၅၀,၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၁၆) အိမ်ထောင်စာ၊ လူဦးရေ (၇၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၌ (၂၆-၄-၂၀၁၈)ရက်နေ့ မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၈၄၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ(၁၀၈၄၀၀ိ/-) တို့အား (၂၇-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့် ပြည်သူထံသို့သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးခိုးရှူပြီး ဆေးရုံတက်ရောက်ကုသလူနာ (၂၄)ဦး ထောက်ပံ့မှုနှင့် အပူခံမိုးကာတဲကြီးများအထောက်အကူပြုဆောင်ရွက်ပေးခြင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၈)ရက်နေ့တွင် ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှ မီးခိုးရှူမိပြီး လှိုင်သာယာဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသည့် လူနာ(၂၃)ဦးအတွက် (၁)ဦး လျှင် (၅၀၀၀ဝိ/)ကျပ်နှုန်းဖြင့် ငွေကျပ် (၁၁,၅၀,၀၀ဝိ/) နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလူနာ(၁)ဦးအတွက် (၅၀၀၀ဝိ/)ကျပ်၊ စုစုပေါင်းငွေကျပ် (၁၂,၀၀,၀၀ဝိ/)နှင့် မြစိမ်းရောင်ဆေးကုသစင်တာတွင် အပူခံမိုးကာတဲကြီး (၁)လုံး၊ စည်ပင် သာယာအလှူလက်ခံရေးနေရာအတွက် မြောက်ပိုင်းခရိုင် ထွေအုပ်သို့ အပူခံမိုးကာတဲကြီး(၂)လုံး၊ မီးလောင်ပြင်တွင် မီးသတ် ဝန်ထမ်းများအတွက်နားနေရန် အပူခံမိုးကာတဲကြီး(၂)လုံး စုစု ပေါင်းအပူခံမိုးကာတဲကြီး (၅)လုံးနှင့် အမက(၆) ယာယီ ရွှေ့ပြောင်း လက်ခံစခန်းတွင် အခင်းနှင့်လိုအပ်သည့်အကာပြုလုပ်ရန် … Read more









