၂၈-၄-၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ ညနေပိုင်းတွင် အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဌာန(ရန်ကုန်)၌ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမီးလောင် ကျွမ်းမှုတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre)နှင့် ဆက်သွယ်ဆောင်ရွက်မှု အရ (AHA Centre)မှ Mr. Yos Malole နှင့် Singapore Civil Defence Force မှ ကျွမ်းကျင်ပညာရှင်များဖြစ် ကြသော Mr. Mohamed Firoz နှင့် Mr. Kenneth Mak တို့နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာန(ရန်ကုန်)၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက် ထားရှိမှုများ၊ တွေ့ကြုံရသောအခက်အခဲများ ကို ဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များတွင် နည်းပညာဆိုင်ရာပံ့ပိုးမှု လိုအပ်ချက်များကို ညှိနှိုင်းခဲ့ကြပါသည်။
ထိုတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးမြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။