
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၌ (၂၆-၄-၂၀၁၈)ရက်နေ့ မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၈၄၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ(၁၀၈၄၀၀ိ/-) တို့အား (၂၇-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့် ပြည်သူထံသို့သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)