မီးခိုးရှူပြီး ဆေးရုံတက်ရောက်ကုသလူနာ (၂၄)ဦး ထောက်ပံ့မှုနှင့် အပူခံမိုးကာတဲကြီးများအထောက်အကူပြုဆောင်ရွက်ပေးခြင်း

28_Pic_02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၈)ရက်နေ့တွင် ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှ မီးခိုးရှူမိပြီး လှိုင်သာယာဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသည့် လူနာ(၂၃)ဦးအတွက် (၁)ဦး လျှင် (၅၀၀၀ဝိ/)ကျပ်နှုန်းဖြင့် ငွေကျပ် (၁၁,၅၀,၀၀ဝိ/) နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလူနာ(၁)ဦးအတွက် (၅၀၀၀ဝိ/)ကျပ်၊ စုစုပေါင်းငွေကျပ် (၁၂,၀၀,၀၀ဝိ/)နှင့် မြစိမ်းရောင်ဆေးကုသစင်တာတွင် အပူခံမိုးကာတဲကြီး (၁)လုံး၊ စည်ပင် သာယာအလှူလက်ခံရေးနေရာအတွက် မြောက်ပိုင်းခရိုင် ထွေအုပ်သို့ အပူခံမိုးကာတဲကြီး(၂)လုံး၊ မီးလောင်ပြင်တွင် မီးသတ် ဝန်ထမ်းများအတွက်နားနေရန် အပူခံမိုးကာတဲကြီး(၂)လုံး စုစု ပေါင်းအပူခံမိုးကာတဲကြီး (၅)လုံးနှင့် အမက(၆) ယာယီ ရွှေ့ပြောင်း လက်ခံစခန်းတွင် အခင်းနှင့်လိုအပ်သည့်အကာပြုလုပ်ရန် (၆)ပေ (၃၀၀)ပေအရှည် မိုးကာလိပ်(၁)လိပ်အားလည်းကောင်း အထောက် အကူပြုဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source:    ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events