လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သပြုရေလယ်ကျေးရွာအုပ်စု၊ ဓမ္မသုခကျွန်းကျေးရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၅၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၆၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၄,၉၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၉၄,၉၀၀ိ/-) ကျပ်တို့အား (၂၇-၄-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events