ငဖဲမြို့နယ်၊ ဆူးပဒေါင်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

29 Pic 02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငဖဲမြို့နယ်၊ ဆူးပဒေါင်းကျေးရွာ၌ (၂၇-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော လူနေအိမ် (၄၅) လုံး၊ အိမ်ထောင်စု (၄၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၄၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၅၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၁၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၅,၀၀၀ိ/-) ကျပ်တို့အား (၂၈-၄-၂၀၁၈) ရက်နေ့ (၁၄း၅၀) နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events