ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၅) လုံး၊ အိမ်ထောင်စု (၂၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၅၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၇၀) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၃၅၇,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၄၀၇,၀၀၀ိ/-) ကျပ်တို့အား (၂၇-၄-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပန်းတနော် ထွေ/အုပ်မှ တာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)