Category Archives: News
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈) ရက်နေ့တွင် ကျိုင်းတုံမြိုက၊ အမှတ် (၁) ရပ်ကွက်၊ လုပ်သားကျေးရွာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ ရွာသားများ စုစုပေါင်း လူဦးရေ (၂၅၀) ဦးအား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေး အန္တရာယ် များအကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသည့်ဘေးများ၊ သဘာဝဘေးအန္တရာယ်ကျရောက် လာပါက ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာနလုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ကယ်ဆယ်ရေး ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးစီမံခန့်ခွဲဥပဒေများ စသည်တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာသူများအား လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်စေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၀-၅-၂၀၁၈) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ဌက်ပျောတောကျေးရွာ၌ (၁၄း၃၀) အချိန်မှ (၁၆း၀၀) နာရီအချိန်အထိ ကျေးရွာသူ/သား (၇၀) ဦးခန့်အား သဘာဝဘေး အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_may2018
-
ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာ (၁၄) ရွာတို့တွင် (၈-၅-၂၀၁၈) ရက်နှင့် (၉-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သာသနာနိက အဆောက်အဦး (၅) ကျောင်း၊ ပြိုကျပျက်စီးနေအိမ် (၂၈) လုံး၊ အမိုးလန် အိမ်ခြေ (၁၄၂) လုံး၊ အိမ်ထောင်စု (၁၄၂) စု၊ လူဦးရေ (၈၁၇) ဦး ဘေးသင့်ခဲ့ရာ သာသနာနိက အဆောက် အဦး (၅) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ … Read more
-
ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဘာသာကုန်းကျေးရွာအုပ်စု၊ ကနစိုငုတ်ကျေးရွာနှင့် အနန်းကုန်းကျေးရွာတို့၌ (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ ဘေးသင့် ပြည်သူ (၂၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၆,၂၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၄၆,၂၀၀ိ/-) ကျပ်၊ ရေသန့်ဆေး (၂၄) ထုပ်ပါ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး၊ Hong Kong Myanmar Chamber of Commerce နှင့် UN Women တို့မ သီးခြားစီလာရောက်တွေ့ဆုံ
၁၀.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E . Mr. Scot Marciel ဦးဆောင်သောအဖွဲ့၊ Hong Kong MyanmarChamber of Commerceမှ Founding Chairman ဖြစ်သူ Mr. Albert Oungဦးဆောင်သောအဖွဲ့နှင့် UN Women မှ Regional Director for Asia and Pacific Region ဖြစ်သူ Ms. Miwa … Read more
-
သဘာဝဘေးနှင့်ပတ်သက်၍ ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံရေးဆွဲနိုင်ခြင်းဖြင့် သဘာဝဘေးဒဏ်ခံရမှု လျှော့ချနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
၁၀-၅-၂၀၁၈၊ နေပြည်တော် မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်အကဲဖြတ်ချက်နှင့် ထိခိုက်ဆုံးရှုံး နိုင်ခြေပြမြေပုံရေးဆွဲရေးလမ်းညွှန်ပြုစုခြင်းဆိုင်ရာ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၈) နာရီ တွင် နေပြည်တော် Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်ရှိလူသားများသည် ဘေးအန္တရာယ်များကို တစ်နည်းမဟုတ်တစ်နည်းရင်ဆိုင်ကြရပါကြောင်း၊ အဆိုပါဘေးများ အားရင်ဆိုင် တုံ့ပြန်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် အရေးပေါ်တုံ့ပြန်မှုများအားကောင်းရန်လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနိုင်ငံပေါင်း (၁၇၁) နိုင်ငံအနက် … Read more
-
မကွေးမြို့နယ်လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေး မြို့နယ်၊ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာ (၈) ရွာတို့တွင် (၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၂၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၈၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၂၅) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီချိန်မှ (၁၄း၃၀)နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာအုပ်စု၊ သော်မှော်ကုန်းကျေးရွာ၌ ကျေးရွာသူ/ကျေးရွာ သားလူဦးရေ(၁၀၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ပေါင်မုန့်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_may2018
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငါးမြာကြီး ကျေးရွာအုပ်စု၊ ငါးမြာကြီးကျေးရွာ၌ (၈.၅.၂၀၁၈)ရက်နေ့(၁၈း၁၅)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လေဘေး သင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး ဆန်ရိက္ခာ(၇)ရက်စာ(၁၆၈၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)၊ စုစုပေါင်း(၁၁၆၈၀၀ိ/-)အားလည်းကောင်း၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ၌ (၈.၅.၂၀၁၈)ရက်နေ့(၁၈း၁၅)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)၊ လူဦးရေ(၆)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၁၂၆၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀ိ/-)အားလည်းကောင်း၊ လေးယာပြည့်ကျေးရွာ အုပ်စု၊ လေးယာပြည့်ကျေးရွာ၌ (၈.၅.၂၀၁၈)ရက်နေ့ (၁၈း၁၅)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြိုကျအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မအူပင်မြို့နယ် ရေနံချောင်းကျေးရွာနှင့် သရက်တောကျေးရွာတို့၌ (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂)အိမ်ထောင်စာ၊ တစိတ် တပိုင်းပျက်စီးခဲ့သည့် နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-) ကျပ်နှင့် … Read more









