
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီချိန်မှ (၁၄း၃၀)နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာအုပ်စု၊ သော်မှော်ကုန်းကျေးရွာ၌ ကျေးရွာသူ/ကျေးရွာ သားလူဦးရေ(၁၀၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ပေါင်မုန့်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ar
#npw_may2018