လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

10_Pic_02 10_Pic_03 10_Pic_04
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငါးမြာကြီး ကျေးရွာအုပ်စု၊ ငါးမြာကြီးကျေးရွာ၌ (၈.၅.၂၀၁၈)ရက်နေ့(၁၈း၁၅)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လေဘေး သင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး ဆန်ရိက္ခာ(၇)ရက်စာ(၁၆၈၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)၊ စုစုပေါင်း(၁၁၆၈၀၀ိ/-)အားလည်းကောင်း၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ၌ (၈.၅.၂၀၁၈)ရက်နေ့(၁၈း၁၅)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)၊ လူဦးရေ(၆)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၁၂၆၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀ိ/-)အားလည်းကောင်း၊ လေးယာပြည့်ကျေးရွာ အုပ်စု၊ လေးယာပြည့်ကျေးရွာ၌ (၈.၅.၂၀၁၈)ရက်နေ့ (၁၈း၁၅)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြိုကျအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ ဆန်ရိက္ခာဖိုး(၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)နှင့်လေဘေးသင့် အမိုးလန်အိမ်ခြေ (၁၃)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၄၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး (၁၀၂၉၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၃၀၀၀၀ိ/-)၊ စုစုပေါင်း(၅၄၁၃၀၀ိ/-)တို့အား (၁၀.၅.၂၀၁၈)ရက်နေ့ (၁၁း၃၀)အချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_may2018
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events