ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာ (၁၄) ရွာတို့တွင် (၈-၅-၂၀၁၈) ရက်နှင့် (၉-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သာသနာနိက အဆောက်အဦး (၅) ကျောင်း၊ ပြိုကျပျက်စီးနေအိမ် (၂၈) လုံး၊ အမိုးလန် အိမ်ခြေ (၁၄၂) လုံး၊ အိမ်ထောင်စု (၁၄၂) စု၊ လူဦးရေ (၈၁၇) ဦး ဘေးသင့်ခဲ့ရာ သာသနာနိက အဆောက် အဦး (၅) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၉၂၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁,၇၁၅,၇၀၀ိ/-)ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၂၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အမိုးလန်အိမ်ခြေ (၁၄၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀,၄၃၅,၇၀၀ိ/) (ကျပ်တစ်ရာ့ လေးသိန်းသုံးသောင်းငါးထောင့်ခုနှစ်ရာတိတိ) တို့အား (၁၀-၅-၂၀၁၈) ရက် နေ့တွင် ပေါက်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ ပေါက်မြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီး ဌာနနှင့် ဌာနဆိုင်ရာများ၊ ပုညမုဒိတာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူရှင်အသင်း (ပခုက္ကူ) တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းအားလည်းကောင်း၊ ပခုက္ကူ မြို့နယ်အတွင်းရှိ ကျေးရွာ (၈) ရွာတို့တွင် (၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သာသနာနိက အဆောက်အဦး (၅) ကျောင်း၊ ပြိုကျပျက်စီးနေအိမ် (၇) လုံး၊ အမိုးလန်အိမ်ခြေ (၈၉) လုံး၊ အိမ်ထောင်စု (၉၆) စု၊ လူဦးရေ (၄၀၆) ဦးဘေးသင့်ခဲ့ရာ သာသနာနိကအဆောက်အဦး (၅) ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၀၄၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈၅၂,၆၀၀ိ/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အမိုးလန်အိမ်ခြေ (၈၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ ပခုက္ကူခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်ဆောင်နှင့် ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးခြင်းအားလည်းကောင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ (၂) ရွာတို့တွင် (၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အမိုးလန်အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၆၇) ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၄၀,၇၀၀ိ/-)ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အမိုးလန်အိမ်ခြေ (၁၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂၀,၇၀၀ိ/-) ကျပ်တို့အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ha_tls
#mgy_may2018