၁၀.၅.၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E . Mr. Scot Marciel ဦးဆောင်သောအဖွဲ့၊ Hong Kong MyanmarChamber of Commerceမှ Founding Chairman ဖြစ်သူ Mr. Albert Oungဦးဆောင်သောအဖွဲ့နှင့် UN Women မှ Regional Director for Asia and Pacific Region ဖြစ်သူ Ms. Miwa Katoဦးဆောင်သောအဖွဲ့တို့ကယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာ ခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံပါသည်။
အမေရိကန်သံအမတ်ကြီး H.E . Mr. Scot Marcielဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ရခိုင် ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များထဲမှ တစ်ခုဖြစ်သည့်(၂၀၁၂)ခုနှစ်တွင် ဖွင့်လှစ်ခဲ့ သည့် ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးအားဦးစားပေးအစီအစဉ်အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များ အကောင်အထည်ဖေါ်ဆောင်ရေးကော်မတီမှ ဆောင်ရွက်နေမှုများ၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ လူမှုအဖွဲ့အစည်းများအကြားညှိနှိုင်းဆောင်ရွက်နေမှုများ၊ မူလ ထက်ပိုမိုကောင်းမွန်သောအခြေအနေသို့ရောက်အောင်ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများ၊ ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီဆောင်ရွက် နိုင်ရေး၊ အမေရိကန်၊ ကနေဒါ၊ ဒိန်းမတ်၊ တူရကီနှင့် ဥရောပသမဂ္ဂတို့မှ ယာယီစခန်းများပိတ်သိမ်းရေးကူညီ ထောက်ပံ့ပေးလိုသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ Hong Kong MyanmarChamber of Commerceမှ Founding Chairman ဖြစ်သူ Mr. Albert Oungဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ၎င်းတို့အနေဖြင့် Myanmar Green Environment Fund (မြန်မာအစိမ်းရောင်ပတ်ဝန်းကျင်ရန်ပုံငွေ)တည်ထောင်ပြီး သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်မည့်ကိစ္စများ၊ အဆိုပါရန်ပုံငွေသည် ပတ်ဝန်းကျင်အတွက်သာမက ဒေသခံလယ် သမားများနှင့် လူမှုဖွံ့ဖြိုးလုံခြုံရေးဆိုင်ရာလုပ်ငန်းများတွင် ကူညီသွားမည့်ကိစ္စရပ်များ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် ဟောင်ကောင်တွင် အောင်မြင်နေသော လူမှုစောင့်ရှောက်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် မိတ်ဆက်လိုပြီးနည်းပညာနှင့် အတွေ့အကြုံများအား အပြန်အလှန်ဖလှယ်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ပါ သည်။
UN Women မှ Regional Director for Asia and Pacific Region ဖြစ်သူ Ms. Miwa Kato ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင်အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်များ တွင် အထောက်အကူဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ပြီး သက်ဆိုင်ရာနယ်ပယ်တွင် ပညာရှင်များခန့်ထားမည့် ကိစ္စများ၊ နိုင်ငံအတွင်း UN Women ၏လုပ်ငန်းများအရှိန်မြှင့်တင်၍ ဆောင်ရွက်မည့်လုပ်ငန်းများ၊ ရခိုင် ပြည်နယ်အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ဆောင်ရေး ကော်မတီ၏ အကြံပြုချက်များအကောင်အထည်ဖေါ်ရာတွင် ဂျပန်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် UN Women မှ တဆင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီ အစဉ်များကို ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_may2018