သဘာဝဘေးလျော့ပါးရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈) ရက်နေ့တွင် ကျိုင်းတုံမြိုက၊ အမှတ် (၁) ရပ်ကွက်၊ လုပ်သားကျေးရွာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ ရွာသားများ စုစုပေါင်း လူဦးရေ (၂၅၀) ဦးအား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေး အန္တရာယ် များအကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသည့်ဘေးများ၊ သဘာဝဘေးအန္တရာယ်ကျရောက် လာပါက ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာနလုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ကယ်ဆယ်ရေး ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးစီမံခန့်ခွဲဥပဒေများ စသည်တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာသူများအား လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်စေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ စသည့်သဘာဝဘေးလျော့ပါးရေး အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_may2018

Sign Up

Upcoming Events