လေဘေးထောက်ပံ့မှုသတင်း

10 Pic 02

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မအူပင်မြို့နယ် ရေနံချောင်းကျေးရွာနှင့် သရက်တောကျေးရွာတို့၌ (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂)အိမ်ထောင်စာ၊ တစိတ် တပိုင်းပျက်စီးခဲ့သည့် နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-) ကျပ်နှင့် စုစုပေါင်း လူဦးရေ (၃၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၃,၀၀၀ိ/-)ကျပ်တို့ အား (၁၀-၅-၂၀၁၈) ရက်နေ့ (၀၉း၃၀) အချိန်တွင်လည်းကောင်း၊ မအူပင်မြို့နယ်၊ အိုင်ကြီးကျေးရွာ၌ (၈-၅ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေးဘေးကြောင် ပြိုကျနေအိမ် (၁၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၈၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၈) အိမ်ထောင်စာ၊ တစိတ်တပိုင်းပျက်စီးခဲ့သည့် နေအိမ် (၂၇) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၃၅၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေပစ္စည်း (၁၀) မျိုး (၂၇) အိမ်ထောင် စာနှင့် စုစုပေါင်းလူဦးရေ (၂၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၅၁,၅၀၀ိ/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၄,၁၆၄,၅၀၀ိ/-) ကျပ်တို့အား (၁၀-၅-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_may2018

Sign Up

Upcoming Events