Category Archives: News
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုသတင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားမှုကြောင့် (၇-၅-၂၀၁၈)နေ့မှစ၍ မိုင်းရင် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းနန်း ဘုန်းတော်ကြီးကျောင်းများသို့ တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိ ခိုလှုံလျက်ရှိပါသည်။ အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင် ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိရာ (၁၀-၅-၂၀၁၈)နေ့နှင့် (၁၁-၅-၂၀၁၈)နေ့တို့ တွင် ထပ်မံရောက်ရှိလာသည့် အိမ်ထောင်စု(၇၆)စု၊ လူဦးရေ(၂၃၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၈၃၀၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၇၆)အိမ်ထောင်စာ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် (၇-၅-၂၀၁၈)နေ့မှ (၁၂-၅-၂၀၁၈)နေ့အထိ ပစ္စည်းနှင့်ငွေသားတန်ဖိုးငွေစုစုပေါင်း (၇၂၂၃၃၉ရိ/-) (ကျပ်ခုနစ်ဆယ့်နှစ်သိန်း နှစ်သောင်းသုံးထောင်သုံး … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ် အတွင်းရှိ ရပ်ကွက် (၂) ခုနှင့် ကျေးရွာအုပ်စု (၁၃) စုမှ ကျေးရွာခွဲ (၂၈) ရွာတို့၌ (၆-၅-၂၀၁၈) ရက်နေ့မှ (၁၃-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄) လုံး၊ အမိုးလန် (၁၃၈) လုံး၊ စုစုပေါင်း (၁၄၂) လုံးအတွက် (၂,၇၀၃,၇၉၂ိ/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၃၈) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် The World Bank မှ Director for Myanmar, Cambodia and Lao PDR ဖြစ်သူ Ms. Ellen Goldstein တို့ကသီးခြားဆီလာရောက်တွေ့ဆုံ
၁၆.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် The World Bank မှ Director for Myanmar, Cambodia and Lao PDR ဖြစ်သူ Ms. Ellen Goldstein တို့က အဆိုပါဝန်ကြီးရုံးမေခလာခန်း၌ သီးခြားဆီလာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura က ဦးဆောင်၍ … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ သပြေငူကျေးရွာတွင် (၁၄.၅.၂၀၁၈)ရက်နေ့ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစိတ်တပိုင်း ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၅၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၂၀၀ိ/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (ကျပ်ငါးသောင်းလေးထောင့်နှစ်ရာတိတိ)တို့အား မအူပင်မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ (၁၆.၅.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2018 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညိုမြို့ နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၉) ရွာတို့တွင် (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၅) လုံး၊ အမိုးလန်နေအိမ် (၃၅) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူဦးရေ (၂၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၄,၁၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်ဖိုးငွေ (၁,၅၅၈,၄၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာနှင့် စုစုပေါင်းထောက်ပံ့ငွေ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညိုမြို့ နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၌ (၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၃) လုံး၊ အမိုးလန်နေအိမ် (၃၄) လုံးနှင့် လူဦးရေ (၆) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၂၆၁,၆၀၀ိ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၇၄,၂၀၀ိ/-) ကျပ်တို့ အား (၁၆-၅-၂၀၁၈) ရက်နေ့တွင် မိုးညိုမြို့နယ်၊ … Read more
-
မိုးကြိုထိမှန်သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျုုာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၈)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ ကျွဲသလင်းရွာမကျေးရွာနေ မောင်ဝဏ္ဏအောင်အသက်(၁၃)နှစ်၊ ဆဌမတန်းအောင် ကျောင်းသားသည် အစ်ကိုဝမ်းကွဲများဖြင့် လယ်ထွန်နေရာတွင်ရှိနေစဉ် မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ခြင်းအတွက် သေဆုံးသူ၏ဖခင်အား ထောက်ပံ့ငွေကျပ်(၃)သိန်းတိတိအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ရှေ့မှောက်၌ (၁၅-၅-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_tls #ayy_may2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင် ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လောဒ့်ကျေးရွာမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာရှိ ဂျော်မဆတ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့ ရောက် ရှိလာသော ခေတ္တနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု (၇၄) စု လူဦးရေ (၃၂၂) ဦးအတွက် (၄၀၁၇၇၅၀ိ/-) ကျပ်တန်ဖိုးရှိ ဆန်၊ဆီ၊ပဲ၊ဆား (၁) လစာ ဆန် (၁၀၀) အိတ် (၁၅) ပြည်၊ ဆီ (၁၄၈) ပိဿာ၊ ပဲ (၁၄၈) ပိဿာ၊ ဆား (၇၄) ပိဿာနှင့် … Read more
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ရပ်ကွက်(၁)ခု၊ ကျေးရွာအုပ်စု(၁၂)စု၊ ကျေးရွာပေါင်း(၅၇)ရွာတို့တွင် (၇.၅.၂၀၁၈)နေ့ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ(၃၄)လုံးအတွက် ထောက်ပံ့ရေးပစ္စည်း(၉)မျိုး၊ (၃၄)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀၀၀၀၀ိ/-)၊ ပြိုလဲအိမ်လူဦးရေ (၁၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၅၄၁၀၀ိ/-) ၊ တစိတ်တပိုင်းပျက်စီး/အမိုးလန်နေအိမ်(၁၇၁)လုံးနှင့် ဘုန်း ကြီးကျောင်း (၈)ကျောင်းတို့အတွက် တန်ဖိုးသင့်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၂၉၂၈၄၀၀ိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၆၅၈၂၅၀၀ိ/-) တို့အား သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့လယ်ဓမ္မာရုံ၌ (၁၅-၅-၂၀၁၈)နေ့၊ (၁၅:၀၀)နာရီချိန်တွင် ပြည်သူလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ရာ သဲကုန်းမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ်ပြန်ဆက်ဦးစီးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့နယ် အတွင်းရှိ ဆင်တပ်ကျေးရွာအုပ်စု၊ ရွှေချောင်းသာကျေးရွာအုပ်စု၊ ရေလဲကျေးရွာအုပ်စု၊ တောပုန်းကျေးရွာ အုပ်စုနှင့် စီသော်ကျေးရွာအုပ်စုတို့တွင် (၉-၅-၂၀၁၈) ရက်နေ့ ည(၉း၃၀)နာရီအချိန်တွင် တိုက်ခတ်ခဲ့ သောလေဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး (၁၈) အိမ်ထောင်စာ နေအိမ် (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၉) သိန်းကျပ်နှင့် လူဦးရေ (၁၀၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) … Read more









