ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညိုမြို့ နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၌ (၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၃) လုံး၊ အမိုးလန်နေအိမ် (၃၄) လုံးနှင့် လူဦးရေ (၆) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၂၆၁,၆၀၀ိ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၇၄,၂၀၀ိ/-) ကျပ်တို့ အား (၁၆-၅-၂၀၁၈) ရက်နေ့တွင် မိုးညိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_may2018