ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင် ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လောဒ့်ကျေးရွာမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာရှိ ဂျော်မဆတ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့ ရောက် ရှိလာသော ခေတ္တနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု (၇၄) စု လူဦးရေ (၃၂၂) ဦးအတွက် (၄၀၁၇၇၅၀ိ/-) ကျပ်တန်ဖိုးရှိ ဆန်၊ဆီ၊ပဲ၊ဆား (၁) လစာ ဆန် (၁၀၀) အိတ် (၁၅) ပြည်၊ ဆီ (၁၄၈) ပိဿာ၊ ပဲ (၁၄၈) ပိဿာ၊ ဆား (၇၄) ပိဿာနှင့် ပစ္စည်း (၃၂) မျိုးပါ RELIEF KIT များအား (၁၅-၅-၂၀၁၈) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#kcn_may2018