လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် The World Bank မှ Director for Myanmar, Cambodia and Lao PDR ဖြစ်သူ Ms. Ellen Goldstein တို့ကသီးခြားဆီလာရောက်တွေ့ဆုံ

16 Pic 02

၁၆.၅.၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် The World Bank မှ Director for Myanmar, Cambodia and Lao PDR ဖြစ်သူ Ms. Ellen Goldstein တို့က အဆိုပါဝန်ကြီးရုံးမေခလာခန်း၌ သီးခြားဆီလာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura က ဦးဆောင်၍ ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံဆိုင်ရာရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ တစ်ခုပြုလုပ်မည်ဖြစ်ပြီး ဂျပန်နိုင်ငံ သားလုပ်ငန်းရှင်(၁၂၀)ခန့် တက်ရောက်သွားမည်ဖြစ် ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲအပြီးတွင် လုပ်ငန်းရှင် များသည် မြန်မာနိုင်ငံသို့လာရောက်မည့်ကိစ္စများ၊ ၎င်းတို့အနေဖြင့် ဂျပန်နိုင်ငံတွင် ခုတင် (၁၀၀) ဆံ့ သက်ကြီးစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်၍ စောင့်ရှောက်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လူမှုဘဝလုံခြုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ထိခိုက်ခံစားရသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဦးစီးဌာန(၃)ခုဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ယန်း(၃၃၀)သန်းထောက်ပံ့ထားပြီး စီမံကိန်းများချမှတ်ကာ ထိရောက်စွာအကောင်အထည် ဖေါ်နေမှုများ၊ ရခိုင်ပြည်နယ်ကိစ္စတွင် အဖြစ်မှန်အားသိရှိနားလည်ပြီး မြန်မာနိုင်ငံဘက်မှ ရပ်တည်ကူညီ ပံ့ပိုးပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်သွားရန် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။
ဆက်လက်၍ The World Bank မှ Director for Myanmar, Cambodia and Lao PDR ဖြစ်သူ Ms. Ellen Goldsteinတွေ့ဆုံရာတွင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများထံတိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသောစီမံကိန်းများ၊ စီမံချက်များချမှတ်အကောင်အထည်ဖေါ်လျက်ရှိပြီး လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာမဟာဗျူဟာစီမံချက်တွင်ပါဝင်သည့် အဓိကကျသည့် စီမံကိန်း(၈)ခုအနက် (၃)ခုအား အကောင် အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်အား ငွေကြေးထောက်ပံ့ရေးအစီအစဉ်ကို ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နိုင်ငံတော်ဘဏ္ဍာဖြင့်လည်းကောင်း၊ ချင်းပြည်နယ်တွင် LIFT ရန်ပုံငွေဖြင့်လည်းကောင်း အကောင်အထည်ဖေါ်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တွင် World Bank (ကမ္ဘာ့ဘဏ်) ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖေါ်မည့်ကိစ္စများ၊မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖေါ်ရာတွင် ကမ္ဘာ့ဘဏ်အနေဖြင့် လိုအပ်သည်များ ကူညီ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေး ကော်မတီ၏ ဦးစားပေးလုပ်ငန်း(၃)ခုဖြစ်သည့် နိုင်ငံသားစိစစ်ရေး၊ လွတ်လပ်စွာသွားလာခွင့်ရရှိရေးနှင့် (၂၀၁၂) ခုနှစ်တွင် ဖွင့်လှစ်ခဲ့သောကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ သဘောတူညီချက်များအရနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးစီစဉ်ထားရှိမှုများ၊ World Bank (ကမ္ဘာ့ဘဏ်) အနေဖြင့် ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့မည့် ကိစ္စရပ်များနှင့် ၎င်းတို့မှ ရခိုင် ပြည်နယ်အတွင်းအကဲဖြတ်ဆန်းစစ်ချက်ဆောင်ရွက်မည့် ကိစ္စများအား မူဝါဒလုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_may2018

Sign Up

Upcoming Events