
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားမှုကြောင့် (၇-၅-၂၀၁၈)နေ့မှစ၍ မိုင်းရင် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းနန်း ဘုန်းတော်ကြီးကျောင်းများသို့ တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိ ခိုလှုံလျက်ရှိပါသည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင် ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိရာ (၁၀-၅-၂၀၁၈)နေ့နှင့် (၁၁-၅-၂၀၁၈)နေ့တို့ တွင် ထပ်မံရောက်ရှိလာသည့် အိမ်ထောင်စု(၇၆)စု၊ လူဦးရေ(၂၃၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၈၃၀၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၇၆)အိမ်ထောင်စာ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် (၇-၅-၂၀၁၈)နေ့မှ (၁၂-၅-၂၀၁၈)နေ့အထိ ပစ္စည်းနှင့်ငွေသားတန်ဖိုးငွေစုစုပေါင်း (၇၂၂၃၃၉ရိ/-) (ကျပ်ခုနစ်ဆယ့်နှစ်သိန်း နှစ်သောင်းသုံးထောင်သုံး ရာကိုးဆယ့်ခုနစ်တိတိ) ထောက်ပံ့ပြီးဖြစ်ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ ထပ်မံရောက်ရှိလာပါက ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#otr
#shn_may2018
Source: DDM