လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ် အတွင်းရှိ ရပ်ကွက် (၂) ခုနှင့် ကျေးရွာအုပ်စု (၁၃) စုမှ ကျေးရွာခွဲ (၂၈) ရွာတို့၌ (၆-၅-၂၀၁၈) ရက်နေ့မှ (၁၃-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄) လုံး၊ အမိုးလန် (၁၃၈) လုံး၊ စုစုပေါင်း (၁၄၂) လုံးအတွက် (၂,၇၀၃,၇၉၂ိ/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၃၈) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာတို့အား (၁၆-၅-၂၀၁၈) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်၌ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_may2018

Sign Up

Upcoming Events