
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ရပ်ကွက်(၁)ခု၊ ကျေးရွာအုပ်စု(၁၂)စု၊ ကျေးရွာပေါင်း(၅၇)ရွာတို့တွင် (၇.၅.၂၀၁၈)နေ့ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ(၃၄)လုံးအတွက် ထောက်ပံ့ရေးပစ္စည်း(၉)မျိုး၊ (၃၄)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀၀၀၀၀ိ/-)၊ ပြိုလဲအိမ်လူဦးရေ (၁၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၅၄၁၀၀ိ/-) ၊ တစိတ်တပိုင်းပျက်စီး/အမိုးလန်နေအိမ်(၁၇၁)လုံးနှင့် ဘုန်း ကြီးကျောင်း (၈)ကျောင်းတို့အတွက် တန်ဖိုးသင့်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၂၉၂၈၄၀၀ိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၆၅၈၂၅၀၀ိ/-) တို့အား သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့လယ်ဓမ္မာရုံ၌ (၁၅-၅-၂၀၁၈)နေ့၊ (၁၅:၀၀)နာရီချိန်တွင် ပြည်သူလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ရာ သဲကုန်းမြို့နယ်တိုင်း
ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ်ပြန်ဆက်ဦးစီးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့်ပြည်သူများ စုစုပေါင်းအင်အား(၂၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2018
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)