လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့နယ် အတွင်းရှိ ဆင်တပ်ကျေးရွာအုပ်စု၊ ရွှေချောင်းသာကျေးရွာအုပ်စု၊ ရေလဲကျေးရွာအုပ်စု၊ တောပုန်းကျေးရွာ အုပ်စုနှင့် စီသော်ကျေးရွာအုပ်စုတို့တွင် (၉-၅-၂၀၁၈) ရက်နေ့ ည(၉း၃၀)နာရီအချိန်တွင် တိုက်ခတ်ခဲ့ သောလေဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး (၁၈) အိမ်ထောင်စာ နေအိမ် (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၉) သိန်းကျပ်နှင့် လူဦးရေ (၁၀၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၈,၄၀၀ိ/-) ကျပ်တို့အား (၁၅-၅-၂၀၁၈) ရက်နေ့ (၁၆း၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် လေဘေးသင့်ပြည်သူများ ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#kcn_may2018

Sign Up

Upcoming Events