Category Archives: News
-
အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားရသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရန် မဟာဗျူဟာစီမံချက်ရေးဆွဲနိုင်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်
၂.၆.၂၀၁၈ နေပြည်တော် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ အကြောင်း အမျိုးမျိုးကြောင့်ဖွင့့်လှစ်ထားရသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရန် မဟာဗျူဟာစီမံချက်ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက IDP စခန်းများ ပိတ်သိမ်းခြင်းသည် အပြုသဘောဆောင်သည့် ဆောင်ရွက်ခြင်းဖြစ်ပြီး မင်္ဂလာရှိပါကြောင်း၊ ဒုက္ခသည်များ လူမှုသဟ ဇာတမဖြစ်၍ ပဋိပက္ခများဖြစ်ပေါ်ခြင်းကြောင့်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးမရ၍ တိုက်ပွဲများဖြစ်ပွားခြင်း ကြောင့်လည်းကောင်း၊ ဒုက္ခသည်များနေထိုင်ရာ IDP … Read more
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တောင်ကုတ်မြို့နယ်၌ (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့်အိမ်ခြေများမှ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
==================================================== Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ==================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကုတ်မြို့နယ်၌ (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် အိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စုစာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ (၇၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၇၇) အိမ်ထောင်စုစာအား (၃-၆-၂၀၁၈) ရက်နေ့တွင် တောင်ကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန်ခွဲမှုဦးစီးဌာ၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၈) ရက်နေ့တွင် ထားဝယ်မြို့၊ လူမှုဝန်ထမ်းမူကြိုကျောင်း၌ ကျောင်းတွင်းသဘာဝဘေးဇာတ်တိုက် လေ့ကျင့်မှုအား ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၀) ဦး ၊ ဆရာမအင်အား (၁၀) ဦးနှင့်အတူ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #simex #thy_jun2018Source: Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုစီမံကိန်း UEHRD ကော်မတီတွင်ပါဝင်သော အဖွဲ့တစ်ခုဖြစ်သည့် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းအဖွဲ့CITF လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စစ်တွေ၊ ဇွန် ၁ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ၊ အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရားကြီးသို့ သွားရောက်ဖူးမျှော် ကြည်ညိုပြီးအလှူငွေများပေးအပ်လှူဒါန်းခဲ့ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့ပြီး ဆက်လက်၍ မဏိရတနာကျောင်းတိုက်ဆရာတော်ထံသို့ သွားရောက်ဖူးမြှော်ပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုစီမံကိန်း UEHRD ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုစီမံကိန်း UEHRD ကော်မတီတွင်ပါဝင်သော အဖွဲ့တစ်ခုဖြစ်သည့် ဆောက်လုပ်ရေးနှင့် … Read more
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၆-၂၀၁၈)ရက်နေ့ ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁)အိမ်၊ အိမ်ထောင်စု(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးအား (၃-၆-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၃-၆-၂၀၁၈)ရက်နေ့ (၁၀:၄၀)နာရီမှ (၁၁:၃၀)နာရီအချိန်အထိ ဘီးလင်းမြိုနယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် တက်ရောက်နေသော သင်တန်းသား/သူ (၅၄)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ် (ရွှေလှေ/ကညင်ကုန်း/ခရေကန်/ ဓနော်/ အိုးဘို/ ဆပ်သေ/ရေလဲနှဲကော)ကျေးရွာအုပ်စုတို့၌ (၁၆/၁၈/၂၀/၂၁/၂၅/၂၆-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျနေအိမ် (၂၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁,၃၅၀,၀၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တစိတ်တပိုင်းပျက်စီးခဲ့သည့် နေအိမ် (၄၄)လုံးနှင့် ဘုန်းတော်ကြီကျောင်း (၂)ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁,၅၂၀,၀၀ဝ)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ လူဦးရေ (၂၇၈) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၅၈၃,၈၀၀)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၃,၄၅၃,၈၀ဝ)ကျပ်တို့အား (၂-၆-၂၀၁၈) ရက်နေ့ … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ အန္တရာယ်ရှိသောအိမ်ခြေများမှ ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့သော အိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၁၈)နေ့ မှ (၃၁-၅-၂၀၁၈)နေ့အထိ ဇလွန်မြို့နယ်၊ ကမ်းနားတမ်းရပ်ကွက်၊ တာတမံနယ်နိမိတ်အတွင်း မြို့နယ်၏ သဘာဝဘေးကြိုတင်ကာကွယ်ခြင်းအစီအစဉ်ဖြင့် အန္တရာယ်ရှိသောအိမ်ခြေများမှ ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့သော အိမ်ခြေ/အိမ်ထောင်စု(၁၅၄)စု၊ လူဦးရေ(၆၅၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၅,၄၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုး (၁,၃၇၅,၅၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၆,၇၇၅,၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁၅၄)အိမ်ထောင်စာအား (၂-၆-၂၀၁၈) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ ဇလွန်မြိုနယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ … Read more
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၈) ရက်နေ့ တိုက်ကြီးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အထရောင်ကျေးရွာ၊ ဖလုံရွာမကျေးရွာ၊ ဘိန္ဓောကျေးရွာ၊ ကြို့ချောင်းကျေးရွာ၊ ဂုံညင်းတန်းကျေးရွာ၊ ကလော့သော့ကျေးရွာ စုစုပေါင်းကျေးရွာ(၆)ရွာမှ အမိုးလန်ပျက်စီး အိမ်ခြေ(၂၆)လုံး၊ မိသားစု(၂၆)စု၊ လူဦးရေ(၁၀၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ (၂၆)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁,၁၆၆,၀၀ဝ)၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးထောက်ပံ့ငွေကျပ် (၂၂၂,၆၀ဝ)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁,၃၈၈,၆၀ဝ)အား (၂-၆-၂၀၁၈)ရက်နေ့တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပွဲအခမ်းအနားပြုလုပ်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက်၊ အာစီဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ပြောင်း ရွေ့ရောက်ရှိလာသော ခေတ္တခဏနေရပ်စွန့်ခွာ အိမ်ထောင်စု (၉၂)မှ လူဦးရေ (၄၀၈) ဦးတို့အတွက် ဆန် (၁၂၇)အိတ် (၁၂) ပြည် ၊ ဆီ (၁၈၄) ပိဿာ၊ ဆား (၉၂) ပိဿာ၊ ပဲ (၁၈၄)ပိဿာ၊ ငွေကျပ်(၅,၀၆၇,၀၀၀)ကျပ်တန်ဖိုးရှိ ဆန်၊ဆီ၊ဆား၊ပဲ (၁) လစာကို (၂-၆-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူနှင့် … Read more









