====================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
====================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကုတ်မြို့နယ်၌ (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် အိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စုစာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ (၇၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၇၇) အိမ်ထောင်စုစာအား (၃-၆-၂၀၁၈) ရက်နေ့တွင် တောင်ကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။